မိုးကုတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မိုးကုတ် ‌ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို မြို့မရပ်ကွက်၊ ဗိုလ်ကုန်းရပ်၊ ဗိုလ်ကုန်းလမ်းဆုံ၌ ယမန်နေ့ မွန်းလွှဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုးကုတ်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်းဘုတ်အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်ပညာရေး၊ ကျန်းမာရေးနှင့် လူမှုကူညီရေးအဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း နံရံကပ်ပိုစတာများအား ပေးအပ်ခြင်းနှင့် အမှတ်တရစု‌ပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်းအင်အား (၁၂၀)ဦးခန့် တက်ရောက်ခဲ့ပြီး ပြည်သူများသို့ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့လက်ကမ်းစာစောင်များတွင်ပါဝင်သည့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ()ရက်နေ့မှ (၁၅)ရက်အတွင်း ကောက်ယူမည့် အကြောင်းအရာများ၊ သန်းခေါင်စာရင်းကောက်ယူမည့် ရည်ရွယ်ချက်များ၊ သန်းခေါင်စာရင်းထည့်ကောက်ရမည့်သူများနှင့် ထည့်မကောက်ရမည့်သူများဆိုင်ရာ အကြောင်းအရာများ စသည့်တို့ကို အသိပညာပေးဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ဇင်မင်းမောင် (ပြန်/ဆက်)