ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ယူစို့ ​မြေစိုက်ပိုစတာစိုက်ထူပွဲကျင်းပ

အမရပူရ ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သန်းခေါင်စာရင်းဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်လဝကဦးစီးရုံးမှ ဦးဆောင်၍ အများပြည်သူများ အသွားအလာများရာ လူစည်ကားရာနေရာဖြစ်သည့် မှန်တန်းရပ်ကွက်၊ စစ်ကိုင်း-မန္တလေး ကားလမ်းမပေါ်ရှိ နန်းတော်ရာစံပြစျေး မီးပွိုင့်အနီး၌ ယနေ့နံနက် ၀၈း၀၀ နာရီအချိန်မှ စတင်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့ညဥ့်သန်းခေါင်ယံ အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့ထိ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ယူစို့" ဆောင်ပုဒ်ပါ မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကျင်းပခဲ့သည်။

ယနေ့ကျင်းပသည့် မြေစိုက်ပိုစတာဆိုင်းဘုတ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်း၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ကျော်စွာဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်သာဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဆိုင်းဘုတ်ကို အမွှေးနံသာရည်များ ပတ်ဖျန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါမြေစိုက်ပိုစတာစိုက်ထူပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်လဝကဦးစီးမှူး ဦးတင်ကိုကိုဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် e-ID နှင့် ပတ်သတ်သည့် အချက်အလက်များ ပါဝင်သော လက်ကမ်းစာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ခရီးသွားပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ