ရွှေတောင် ဇွန် ၆
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်ကျေးရွာအုပ်စု၊ ဝါးလည်ကျေးရွာရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းစာကြည့်တိုက် ဖွင့်လှစ်လည်ပတ်နေမှု အခြေအနေများအား ယမန်နေ့ နေ့လယ်ပိုင်းက ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကြည့်ရှုစစ်ဆေးရာတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က စာကြည့်တိုက်ဖွင့်လှစ်၍ စာအုပ်ငှားရမ်းနေမှုအခြေအနေများ၊ စာကြည့်တိုက်ရှိ စာအုပ်အရေ အတွက်၊ စာဖတ် ပရိသတ် အခြေအနေများအား မေးမြန်းခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က စာဖတ်ရှိန်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့် ရွှေတောင်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ၏ အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး စာကြည့်တိုက် ကော်မတီဝင်များမှ စာအုပ်စာစောင်များရရှိနိုင်ရေး တင်ပြခဲ့ရာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်မှ ဆရာကြီးသခင်ကိုယ်တော်မှိုင်း စာကြည့်တိုက်အတွက် သုတ/ ရသစာအုပ်များကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရ သည်။
ကိုကိုမင်း (ပြန်/ဆက်)