မိုင်းယုမြို့၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ ဆယ်အိမ်စုမှူးသင်တန်းဖွင့်လှစ်ပို့ချ

မိုင်းယု မေ ၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဆယ်အိမ်စုမှူးသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့မရပ်ကွက်ရှိ ကြွမ်းတောင်းဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင် ဒေါ်နန်းအင်လောင်က မိခင်နှင့်စောင့်ရှောက်ရေးအသင်းသည် လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မိခင်နှင့်ကလေးများ၏ လူမှုရေးစောင့်ရှောက်မှုပေးခြင်းဖြင့် မိသားစု၏ဘဝအဆင့်အတန်းမြင့်မားလာစေရန်အတွက် အထောက်အကူဖြစ်ရန်ဖြစ်ပြီး၊ ပညာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ လူမှုရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ပညာရေးကဏ္ဍနှင့် မိသားစုဝင်ငွေတိုးရေးကဏ္ဍစသည့် အခြေခံလိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် တာကြန့်ကျေးရွာအုပ်စု၊ ကျေးလက်ကျန်းမာရေးသားဖွားဆရာမ ဒေါ်မော်နီကာက မျိုးဆက်ပွားကျန်းမားရေးကဏ္ဍတွင် ပါဝင်ကူညီပေးခြင်းအကြောင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများအကြောင်း၊ ဆေးလိပ်အန္တရာယ်အကြောင်း သိကောင်းစရာများ၊ တိုင်းရင်းဆေပညာအကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးကုသမှုလုပ်ငန်းများတွင် ပါဝင်ကူညီခြင်းအကြောင်း၊ ကျန်းမာရေးပညာပေး လုပ်ငန်းများအကြောင်းစသည့် အကြောင်းအရာများကို ပြောကြားပို့ချခဲ့ကြောင်းနှင့် သင်တန်းသို့တက်ရောက်လာကြသည့် မြို့မရပ်ကွက်အတွင်းရှိ အမျိုးသမီးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်