ဘားအံမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲ ၊ နံရံကပ်စာစောင်ပြပွဲ ဆုချီးမြှင့်ပွဲကျင်းပ
လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၈) လူကုန်ကူးမှု တားဆီနှိမ်နှင်းရေးတပ်ဖွဲ့စု ဘားအံတို့ ပူးပေါင်း၍ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသိပညာပေးဟောပြောပွဲ ၊ နံရံကပ် စာစောင်ပြပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။