ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးရွာသွန်းမှုကောင်းသဖြင့် မိုးရေလှောင်ကန်များ ရေပြည့်ဝင်ရောက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကောင်းပြီး မိုးရေလှောင်ကန်များတွင် ကန်ရေပြည့် ဝင်ရောက်လျက်ရှိသဖြင့် ကျေးရွာနေပြည်သူများအတွက်လာမည့် မိုးလွန်ကာလအထိ သောက်သုံးရေနှင့် စိုက်ပျိုးရေများ ဖူလုံနိုင်မည်ဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။