နောင်ချိုမြို့နယ် နောင်တောကျေးရွာ၌ ကျေးရွာစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နောင်ချို  ဇွန်   ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျေးရွာစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့နံနက်ပိုင်းက နောင်တောကျေးရွာသို့ ကွင်းဆင်းခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်းက ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပက်သက်ပြီး ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းများအား ဆွေးနွေးညှိနှိုင်းခဲ့သည်။ ၎င်းနောက် နောင်တောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်နှင့် ရပ်မိရပ်ဖများကနောင်တောကျေးရွာစာကြည့်တိုက်အား ပြန်လည်ရှင်သန်အောင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလှူရှင်များကိုလည်း စည်းရုံး၍ စာအုပ်စာစောင်များတိုးပွားရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)