ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးလက်တွေ့ စိုက်ပျိုးပြသခြင်းကို ယနေ့နံနက် (၈) နာရီက မကျီးကန်ကျေးရွာ ကွင်းအမှတ် (၃၀၁)၊ ဦးပိုင်အမှတ် (၁၀/၁) ဧရိယာ (၈.၁၃) ရှိ တောင်သူ ဦးအေးကြိုင် ပိုင်လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်က (Seeder) စပါးမျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများဖြစ်သည့် တစ်ဧက မျိုးစေ့နှုန်းသက်သာခြင်း၊ လုပ်အားကုန်ကျစရိတ်သက်သာခြင်း၊ လုပ်ငန်းချိန် မြန်ဆန်ခြင်း၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ အချိန်နှင့်တပြေးညီ စိုက်ပျိုးနိုင်ခြင်း၊ ရိတ်သိမ်းရန် လွယ်ကူခြင်း၊ ဝင်ငွေတိုးတက်စေခြင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တောင်သူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။