သာကေတမြို့နယ်တွင် (၃၁) ကြိမ်မြောက် နိကာယ်စာမေးပွဲဖြေဆို

သာကေတ ဇွန် ၈

သာကေတမြို့နယ်တွင် သာသနာရေးဦးစီးဋ္ဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၃၁) ကြိမ် မြောက် နိကာယ်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော်ဝန်းအတွင်းရှိ ဝိမုတ္တိရသဓမ္မာရုံ၌ ဆင်ယင်ကျင်းပဖြေဆိုရာ နိကာယ် စာမေးပွဲတွင် အုပ်စု (၁) ၌ (၁၄၂) ပါး၊ အုပ်စု (၂) ၌ (၇ ) ပါး၊ အုပ်စု (၃)  ၌ (၃) ပါး၊ အုပ်စု (၄) ၌ (၂) ပါး၊ အုပ်စု (၅) ၌ (၉) ပါး၊  အုပ်စု (၈)  ၌ (၇ ) ပါး၊ စုစုပေါင်း (၁၇၀) ပါး ဝင်ရောက်ဖြေဆိုတော်မူကြ သည်။

အဆိုပါ နိကာယ်စာမေးပွဲဖြေဆိုခြင်းကို စာမေးပွဲကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဘဒ္ဒန္တ ဣန္ဒြောဘာသ (အဘယာရာမ)၊ အကျိုးတော်ဆောင် ဘဒ္ဒန္တဝါယမ (အောင်မော်စံ)နှင့် အဖွဲ့ဝင် ဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနတက္ကသီလ ဓမ္မာစရိယ B.A  ဘဒ္ဒန္တ သောဘနနှင့် အဖွဲ့ဝင်ဆရာတော်များက အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ ကြပြီး မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း တို့က စာမေးပွဲဖြေဆိုကြသည့် သံဃာတော်များကို ဖူးမြော်ကြည်ညိုခဲ့ကြပြီး စာမေးပွဲကြီးကြပ်ရေး ဆရာတော်များကို ဝတ္ထုငွေများနှင့် စာဖြေသံဃာတော်များကို အအေးများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါ (၃၁) ကြိမ်မြောက် နိကာယ်စာမေးကို ဇွန် ၁၁ ရက်ထိ ဖြေဆိုတော်မူကြမည်ဖြစ်သည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)