မြဝတီ ဇွန် ၈
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ သင်္ဃန်းညီနောင်ကျေးရွာနှင့် ရွာသစ်ကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘာသာရေးအဆောက်အဦများသို့ ယာယီပြောင်းရွှေ့ (ထပ်တိုး) ရောက်ရှိလာသည့် ပြည်သူများအား တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန် ၆ ရက်က ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု တစ်စုချင်းအလိုက် ထောက်ပံ့ပေးအပ်သည်။
အဆိုပါ ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့သည် ရပ်ကွက်တာဝန်ခံများမှတစ်ဆင့် ရပ်ကွက်(၃)၊ (၄)နှင့် (၅)တို့ရှိ အိမ်ထောင်စု ၁၇၆ စုမှ လူဦးရေ ၆၇၈ ဦးတို့အတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုး စုစုပေါင်းငွေကျပ် ၁၄၂၃၈၀၀ အား ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)