ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် (၃၁) ကြိမ်မြောက် နိကာယ်စာမေးပွဲဖြေဆို

ဒဂုံတောင် ဇွန် ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်  ၂၀၂၄ ခုနှစ် (၃၁) ကြိမ်မြောက် နိကာယ်စာမေးပွဲကို ဇွန် ၇ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ဆုတောင်းပြည့် အတုလအောင်ဇေယျုံ (ဦးဘိုးလှဘုရား) စေတီတော်ဝန်းအတွင်းရှိ  ဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။

 ထို‌သို့ကျင်းပရာ နိကာယ်စာမေးပွဲတွင် မဟာဝိဒူတန်း၌  ရဟန်း () ပါး၊ ဝိဒူတန်းများ၌ ရဟန်းသာမနေ (၁၀၉)ပါး စုစုပေါင်း (၁၁၀) ပါး ဝင်ရောက်ဖြေဆိုတော်မူကြရာ မြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာတော်များက အနီးကပ်ကြီးကြပ်ဆောင်ရွက်တော်မူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စေတီတော်ဂေါပကအဖွဲ့နှင့် အလှူရှင်များက စာမေးပွဲဖြေဆို ကြသည့် သံဃာတော်များကို ဖူးမြော်ကြည်ညိုကြပြီး စာမေးပွဲကြီးကြပ်ရေး ဆရာတော်များကို ဝတ္ထုငွေများနှင့် စာဖြေသံဃာတော်များကို အအေးများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါ (၃၁)ကြိမ်မြောက် နိကာယ်စာမေးကို ဇွန် ၁၁ ရက်ထိ ဖြေဆိုတော်မူကြမည်ဖြစ်‌ကြောင်း သတင်းရရှိသည်။

သန်းသန်းအေး