မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေစေရေး၊ ကျောင်းဥပတိရုပ် ပိုမိုကောင်းမွန်လာစေရန်အတွက် အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများ၌ ကျောင်းအတွင်း/အပြင် သန့်ရှင်းသာယာ လှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၈ ရက်နေ့နံနက် (၇)နာရီအချိန်က စွန်ရဲကျေးရွာအုပ်စု စွန်ရဲ(မြောက်)ကျေးရွာရှိ အ.ထ.က (စွန်ရဲ)ကျောင်း၌ ကျောက်ဆည်ခရိုင် တပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းထွေး ဦးဆောင်သည့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည် ရဲမေများ၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၀င်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ပြည်သူ/သားများ ပူးပေါင်း၍ စုပေါင်းသန့် ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။