ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကြောင်းကြီး( ၅ ) ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ပေး

ငပုတော ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ  ရပ်ကွက်၊  ကျေးရွာများတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမူရေးနှင့် စည်းရုံးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အရိုးဒါးကျေးရွာ၊ ကျောက်တန်းကျေးရွာနှင့် ရေတွင်းကုန်းအုပ်ကျေးရွာ အသင်းတော်ခန်းမတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ လုံခြုံရေးကိစ္စများ၊ ရပ်ရွာအတွင်း သန့်ရှင်းသာယာရေးကိစ္စရပ်များ၊ ဒေသန္တာရအမိန့်အရ ည (၁၂) မှ မနက် (၄) နာရီအတွင်း အပြင်မထွက်ကျရန်နှင့် ကျန်းမာရေးကိစ္စဖြင့် သွားမည်ဆိုပါက သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များပြော၍ သွားလာရမည် စသောကိစ္စရပ်များ၊  ယာဉ် / လမ်း အန္တရာယ်ကင်းရှင်းရေးနှင့် မှုခင်းကျဆင်းရေးများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သတ်၍ ပြည်သူများစိုးရိမ်မှု မရှိစေရေးအတွက် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးသန်းဦးမှ ကျေးရွာသန့်ရှင်းသာယာလှရေး၊ ဆောင်သီးနှံများကို လျာထားချက်များနှင့် သက်ဆိုင်ရာဌာနများ မိမိဌာနမှ ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)