မှော်ဘီမြို့နယ်၌ ရှေ့တန်းပြန်ကြိုဆိုပွဲ ကျင်းပ

မှော်ဘီ (ရန်ကုန်) ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ အမှတ်(၇၀၅) ခြေလျှင်တပ်ရင်းမှ တပ်မတော်အရာရှိ စစ်သည်ရှေ့တန်းပြန်များအား ကြိုဆိုပွဲကို ယမန်နေ့ နံနက်(၁၁) နာရီခွဲတွင် ကြိုဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုဆိုပွဲသို့ တိုက်ကြီးမြို့နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းသန်းနှင့် မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်စုံကျော်၊ အဖွဲ့ဝင်(၂) ဦးဝင်းစိုးနှင့် အမှတ်(၇၀၅) ခြေလျှင်တပ်ရင်းမှ ဗျူဟာမှူးများ၊ တပ်ရင်းမှူးများနှင့် အရာရှိစစ်သည် မိသားစုများ၊ တပ်မတော်မိသားစုအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများက စုစုပေါင်းအင်အား (၄၀၀)ကျော်ဖြင့် ပန်းစီးများ၊ ပန်းကုံးများ၊ စားသောက်ဖွယ်ရာများနှင့် ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)