မြစ်သား ဇွန် ၉
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အများပြည်သူများ အသွားအလာများပြီး လူစည်ကားရာနေရာဖြစ်သည့် မြစ်သားမြို့နယ် ဘူတာရပ်ကွက် မြင်းခြံ-ရေဝန်းကားလမ်း မြို့အဝင်ဆိုင်ဘုတ် သံလမ်းဆုံအနီးနေရာ၌ ယမန်နေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့” မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူဆောင်ရွက်မည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်/ ပြန့်ပြန့် သိရှိနိုင်စေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းဖြစ်သည့် မြေစိုက်ပိုစတာအား စိုက်ထူဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး မြတ်သီဟမင်း ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဌေးဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ဆက်လက်၍ သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ပိုစတာများကို တာဝန်ရှိသူများထံသို့ အသီးသီးပေးအပ်ခဲ့ကြရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများက သန်းခေါင်စာရင်းကောက် ယူခြင်းအတွက် အသိပညာပေး လက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
 
     
    