ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ သား၊ သမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

ကျိုင်းတုံ ဇွန် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး(ကျိုင်းတုံ)နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး(ကျိုင်းတုံ)မှ ရဲတပ်ဖွဲ့ဝင်၊ စာရေးဝန်ထမ်းများ၏ သား၊ သမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်စရိတ်ထောက်ပံ့ငွေနှင့် စာရေးကိရိယာများထောက်ပံ့အပ်ခြင်းအခမ်းအနားကို ယမန်နေ့က ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ဦးစွာ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ)ရဲမှူးကြီးအေးသိန်းက အမှာစကားပြောကြားပြီး ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး(ကျိုင်းတုံ)နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး(ကျိုင်းတုံ)ရှိ ရဲတပ်ဖွဲ့ဝင်၊ စာရေးဝန်ထမ်းများ၏ သား၊ သမီး အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၁၄၉ ဉီးအတွက် ၂၀၂၄-၂၀၂၅ ပညာသင်စရိတ်ထောက်ပံ့ငွေနှင့် စာရေးကိရိယာများ စုစုပေါင်းငွေကျပ် သိန်း ၅၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)