တိုက်ကြီး ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဖျောက်မြို့ အမှတ်(၃)ရပ်ကွက် ရွှေဉဒေါင်းခန်းမ၌ကျင်းပကြောင်း သိရသည်။
ဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်ဒေါ်ရီရီဦးက လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကိုဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာဉက္ကဋ္ဌဒေါ်ခိုင်မာအေးက အမျိုးသမီးရေးရာအဖွဲ့၏ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စန်းကလျာခိုင်က လူငယ်နှင့်စာပေအကြောင်း ဆွေးနွေးဟောပြောသည်။
အဆိုပါ လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲသို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်ခိုင်မာအေးနှင့်အဖွဲ့ဝင်များ၊ အဖျောက်မြို့ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာမများနှင့် ကျောင်းသူများတက်ရောက်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များအား တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)