ဝါးခယ်မ ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကြာဖြူကျေးရွာတွင် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က နှံကောက်စပါးမျိုးအား စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၊ ကြဖြူကျေးရွာ၊ တောင်သူ ဦးဝင်းဗိုလ်၏ ကွင်းအမှတ်-၁၀၀(က)၊ ဦးပိုင်အမှတ်-၁၇(ဃ)/၂ တတိယသီးနှံ နှံကောက်စပါးမျိုးအား စံကွက်ရိတ်သိမ်းခဲ့ရာ အစိုအထွက်နှုန်း (၈၉.၈၄) တင်း၊ အခြောက်အထွက်နှုန်း (၇၇.၂၆)တင်းနှုန်းထွက်ရှိခဲ့ကြောင်း၊ ယင်းစံကွက်ရိတ်သိမ်းရာသို့ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ တောင်သူများ၊ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)