မအူပင် ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာရှိ AM ဖူဆယ်ဘောလုံးအားကစားကွင်းတွင် ယမန်နေ့ ညနေ (၄) နာရီက မအူပင်မြို့နယ်ကိုယ်စားပြု ဝန်ကြီးချုပ်ဖလား U-25 ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား လူမှုရေးရာဝန်ကြီးမှ တွေ့ဆုံအားပေးခဲ့သည်။
ဝန်ကြီးချုပ်ဖလား U-25 ဖူဆယ်ဘောလုံးပြိုင်ပွဲအား မအူပင်ခရိုင်အဆင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များအလိုက် မအူပင်မြို့ရှိ AM ဖူဆယ်ဘောလုံးအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အကောင်းဆုံး အားကစားသမားများအား ခရိုင်အဆင့် ဝန်ကြီးချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဝင်ရာက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ မအူပင်မြို့နယ်ကိုယ်စားပြု အားကစားသမားများ လေ့ကျင့်နေမှုအား လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်မှ ကြည့်ရှုအားပေးခဲ့ပြီး ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲအား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်ချိုလဲ့ရည်၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာခိုင်နှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)