မိုင်းကိုင်မြို့နယ်၊ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်၌ ရာသက်ပန်ပညာပါရမီအလှူငွေ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

မိုင်းကိုင် ဇွန် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရန်၊ ပညာထူးချွန်ထက်မြက်သော ရဟန်း၊ ရှင်သာမဏေများ တိုးများလာစေရန်၊ အင်္ဂလိပ်ဘာသာ စာပေထူးချွန်စွာ တတ်‌မြောက်လာ‌စေရန် ရည်ရွယ်၍ ရာသက်ပန်ပညာ ပါရမီအလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ် (၄) ရပ်ကွက်ရှိ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက် ( ကျောင်းကန်ဘုန်းတော်ကြီးကျောင်း)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်၊ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒာဝရ ကအဖွင့်ဩဝါဒဂါထာ တော်မြွက်ကြားကာ ရာသက်ပန်ပညာပါ ရမီအလှူငွေ ဦးဆောင်လှူဒါန်းသူ ဦးဩဇေယ ( Hotel Mork Kon) တောင်ကြီးမြို့မှ အလှူငွေလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာကြစော ရပ်နီး၊ ရပ်ဝေးမှ စေတနာရှင်အလှူရှင်များက အလှူငွေ သိန်း(၆၀)ကျပ်အား ပေးအပ်လှူဒါန်းကာ မြို့မိမြို့ဖ ဦးစိုင်းမီက ကျေးဇူးတင်စကားပြန်လည်ပြောငြားပြီးနောက် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။

အဆိုပါရာသက်ပန်ပညာပါရမီအလှူ ငွေများကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစ၍ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက် (ကျောင်းကန်ဘုန်းတော်ကြီးကျောင်း)၌ ပညာသင်ကြားနေသော ရဟန်း၊ ရှင်သာမဏေများအတွက် ပညာသင် စရိတ်နှင့် သင်ထောက်ကူပစ္စည်းများ ဝယ်ယူဖြည့်ဆည်းနိုင်ရန်၊ ပညာရေးအသုံးစရိတ်များ သုံးစွဲနိုင်ရန်အတွက် စေတနာရှင်အလှူရှင်များက ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ချော(မိုင်းကိုင်)