မြင်းမူမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်
စာဖတ်ရှုသူများ အချင်းချင်းတွေ့ဆုံကာ မိမိဖတ်ရှုလေ့လာထားသည့် စာအုပ်မှရရှိသည့် ဗဟုသုတများအား အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ရန်နှင့် စာကြည့်တိုက်သို့ လစဉ် ရောက်ရှိလာသည့် စာအုပ်များအား စာဖတ်သူများ ကြည့်ရှုလေ့လာနိုင်ရန်အတွက် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို ယနေ့တွင် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။