ရေတာရှည်မြို့နယ်၌ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းအမှတ်စဥ်(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ရေတာရှည် ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ တောင်သူလယ်သမားသင်တန်းခန်းမတွင် ယနေ့မွန်းလွဲပိုင်းက တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး သင်တန်း အမှတ်စဥ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးရေးကို လုပ်ကိုင်ဆောင်ရွက်ကြရာတွင် လက်မှုလယ်ယာမှ စက်မူလယ်ယာ​ခေတ်သို့ ပြောင်းလဲဆောင်ရွက်ခဲ့ကြပြီး စိုက်ပျိုးရေးနည်းစနစ်များကိုလည်း ခေတ်နှင့်အညီ ပြောင်းလဲစိုက်ပျိုးလုပ်ကိုင်ကြရမှာဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝ​ပြော​ရေးနှင့် စား​ရေရိက္ခာဖူလုံ​ရေး ရည်မှန်းချက်နှင့်အညီ စိုက်ပျိုး၊​ မွေးမြူ​ရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များသုံး၍ အထွက်နှုန်းများ တိုးတက်ကောင်းမွန်စေ​ရေး၊ စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်​စေ​ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊  နိုင်ငံတကာမှာ လိုက်နာကျင့်သုံး​ဆောင်ရွက်လျက်ရှိ​သော ခေတ်မီနည်းစနစ်များကို မြန်မာ့ ရေ၊ မြေ တော၊​ တောင် သဘာဝနှင့်အညီ ပြုပြင် ပြောင်းလဲ ဆောင်ရွက်နိုင်​ရေးအတွက် မြန်မာစိုက်ပျိုးရေးပညာရှင်များကလည်း သု​တေသနအဆင့်ဆင့်​ဆောင်ရွက်ခဲ့ကြပြီး ရရှိလာသော နည်းစနစ်များကို ယခုကဲ့သို့ ပညာ​ပေးသင်တန်းများဖွင့်လှစ်၍ တောင်သူဦးကြီးများထံ ပြန်လည်မျှ​ဝေ​ပေးလျက်ရှိကြောင်းနှင့်သင်တန်းမှ ဖြန့်ဝေပေးလိုက်သည့် အသိပညာအတတ်ပညာများအား လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ ပြန်လည်အသုံးချပြီး နီးစပ်ရာ တောင်သူများအား တစ်ဆင့်ပြန်လည်မျှ​ဝေပေးရန် တိုက်တွန်းပြောကြားသည်။

ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက သွင်းအားစုဓာတ်မြေသြဇာနှင့် YSR စပါးမျိုးကောင်း မျိုးသန့်များအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘက်စုံလယ်ယာသုံးစက်ကိရိယာများ၏ ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

အဆိုပါတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းအား ဇွန်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ သုံးရက်ကြာဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသို့ တောင်သူသင်တန်းသား သင်တန်းသူ ၄၀ ဦးတက်ရောက်သင်ကြားလျက်ရှိ​ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)