ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသ အသီးသီးသို့ပြန်လည်ပို့ဆောင်

ကော့သောင်း ဇွန် ၁၀

မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ် ချမှတ်ခံရသူ မြန်မာနိုင်ငံသား အမျိုးသား (၉၈) ဦး၊ အမျိုးသမီး (၂၂)ဦး၊ စုစုပေါင်း (၁၂၀) ဦးအား ထိုင်းနိုင်ငံရနောင်းမြို့မှ တစ်ဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ ယနေ့ မွန်းတည့် (၁၂)နာရီခန့် က တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်း ပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် NGO အဖွဲ့အစည်းများက စနစ်တကျလက်ခံ‌ ဆောင်ရွက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌အောင်ချိုမှ လိုက်နာဆောင်ရွက်ရန်ကိစ္စရပ်များအား ပြောကြားပြီး အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား ကိုယ်ရေးမှတ်တမ်းများ ကောက်ယူခြင်းနှင့် ကိုဗစ်ကာကွယ်‌‌ ဆေးများထိုးနှံခြင်းများ ဆောင်ရွက်ပြီး မိမိတို့နေရပ်ဒေသအသီးသီးသို့ စနစ်တကျ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)