လားရှိုးမြို့တွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်

လားရှိုး ဇွန် ၁၀

လားရှိုးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် စိတ္တသုခဘုန်းတော်ကြီးသင်ပညာကျောင်းသို့ သွားရောက်ကာ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ကျန်းမာရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ နံရံကပ်ပိုစတာများ ကပ်ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား Dry Day Activity သင်ကြားပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)