ကန်ကြီးထောင့်မြို့နယ်၊ ရှမ်းငူကျေးရွာတွင် မေတ္တာ‌ပေါင်းကူးတံတား (ကိုယ်ထူကိုယ်ထ) ကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားကျင်းပ

ကန်ကြီးထောင့် ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရှမ်းငူကျေးရွာအုပ်စု၊ ရှမ်းငူကျေးရွာတွင် မေတ္တာပေါင်းကူးတံတား (ကိုယ်ထူကိုယ်ထ) ကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၁၀) ရက်နေ့ နံနက် (၈:၃၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်‌အောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ရှမ်းငူကျေးရွာရှိ မေတ္တာပေါင်းကူးတံတား (ကိုယ်ထူကိုယ်ထ)ကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မေတ္တာ‌ပေါင်းကူးတံတား (ကိုယ်ထူကိုယ်ထ) ကွန်ကရစ်တံတားအား လှည့်လည်ကြည့်ရှု့ခဲ့ကြသည်။ အဆိုပါ မေတ္တာ‌ပေါင်းကူးတံတား (ကိုယ်ထူကိုယ်ထ) ကွန်ကရစ်တံတားအား ၂၀၂၄ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့တွင် စတင်အကောင်းအထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ခုနှစ်၊ ဇွန်လ (၈) ရက်နေ့တွင် (၁၀၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့သည်။ အဆိုပါကွန်ကရစ်တံတာ၏ထုထည်မှာ အလျား (၇၂) ပေ၊ အနံ (၁၄) ပေနှင့် ခံနိုင်ဝန်မှာ (၇) တန်ရှိပြီး ရှမ်းငူကျေးရွာနှင့် ချောင်းစောက်ကျေးရွာအုပ်စု၊ ကန့်မလာကျေးရွာအား ဆက်သွယ်ထားသောတံတားဖြစ်ရာ ကျေးရွာနေပြည်သူများအား များစွာအထောက်အကူဖြစ်စေသော တံတားဖြစ်‌ကြောင်းသိရသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်‌အောင်နှင့်အဖွဲ့ဝင်များသည် ရှမ်းငူကျေးရွာအုပ်စု၊ ရှမ်းငူကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ ကျောင်းသား/သူများအေးချမ်း တည်ငြိမ်စွာပညာသင်ကြားနေမှုအခြေအနေများအား ကြည့်ရှု့အားပေးခဲ့ကြပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များလမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)