မောက်မယ်မြို့နယ်၌အသံမစဲပဋ္ဌာန်းအောင်ပွဲနှင့်ပျံလွန်တော်လေပြီးသောလွိုင်မွန်းတောင်ဆရာတော်အား (၂၅) ကြိမ်မြောက် ပူဇော်ကန်တော့ပွဲအခမ်းအနားကျင်းပ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လွိုင်မွန်းတောရကျောင်း ဆရာတော်၏နှစ်စဉ်ကျင်းပမြဲဖြစ်သော နေ့/ညအသံမစဲမဟာ အဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားနှင့် ပျံလွန်တော်လေပြီးသော လွိုင်မွန်းတောင်တောရကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမအား (၂၅) နှစ်မြောက် ပူဇော်ကန်တော့ခြင်းအခမ်းအနားကို ယနေ့နေ့လယ်(၁၂)နာရီက အဆိုပါကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။