အုတ်တွင်း ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဌာနဆိုင်ရာများ သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းက ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအားစံချိန်၊ စံညွှန်းနှင့်အညီအချိန်မီ ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေး သတိပြုဆောင်ရွက်နိုင်စေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်စေရေး၊ မြို့သန့်ရှင်းသာယာလှပရေးဌာနဆိုင်ရာများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ အစည်းအဝေးသို့တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး မြင့်ဇော်က မြို့နယ်အေးချမ်းသာယာရေးအတွက် အဘက်ဘက်မှ မျက်ခြည်မပြတ်တာဝန်သိစွာ ပြည်သူ့ အကျိုးရှေးရှု၍ ပူးပေါင်းဆောင်ရွက်ကြရန်ဌာနဆိုင်ရာများအား မှာကြားခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)