အထက်မင်းလှ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့နံနက်ပိုင်းက မင်းလှအခြေခံပညာကျောင်း၌ ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
မင်းလှမြို့နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာ၌ မင်းလှအခြေခံပညာအထက်တန်းကျောင်း စာဖြေဌာနတွင် ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ (၃၁၂)ဦးဖြေဆိုခဲ့ရာ (၁၉၀)ဦး အောင်မြင်ခဲ့ပြီးအောင်ချက်ရာနှုန်းမှာ (၆၀.၉၀)%ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများမှ (၆)ဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ (၄) ဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၆)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ(၆)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ(၁၃)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)