လွိုင်ကော် ဇွန် ၁၀
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်း၌ လွိုင်ကော်မြို့တွင် ရုံးဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ပြည်နယ်ဥပဒေချုပ်ရုံး၊ ပြည်နယ်တရားရေးဦးစီးမှူးရုံး၊ ပြည်နယ်ပညာရေးမှူးရုံး၊ လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများနှင့် ဝန်ထမ်းအိမ်ရာများသို့သွားရောက်၍ ရုံးအဆောက်အဦများ ဥပဓိရုပ်ခန့်ထည်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဝန်ထမ်းအိမ်ရာများ၌ ဝန်ထမ်းများ စားသောက်နေထိုင်ရေးစီမံထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ အခက်အခဲများ၊ လိုအပ်ချက်များ မေးမြန်းခဲ့ပြီး ရေ၊ မီး လိုအပ်ချက်၊ ရုံးသုံးစက်ကိရိယာ လိုအပ်ချက်များ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဌာနများအလိုက် တင်ပြချက်များအပေါ် လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)