တပ်ကုန်းမြို့နယ်၌ ပဲတီစိမ်း ၃၅၉၂၀ ဧက လျာထားစိုက်ပျိုး

တပ်ကုန်း ဇွန် ၁၁   

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများဖြစ်သည့် ဖူးစားပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် သီးနှံစုံ စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်းများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် ပဲတီစိမ်းစိုက်ခင်းများ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ မျိုးစေ့ကုန်ကျမှုသက်သာနိုင်ရေး၊ အပင်ဖြစ်ထွန်းကောင်းမွန်နိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း စိုက်ပျိုးကြောင်း၊ ပဲတီစိမ်းကို ၃၅၉၂၀ ဧက လျာထားစိုက်ပျိုး၍ ၂၇၇၄ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်းနှင့် ပဲတီစိမ်းရိတ်သိမ်းချိန်မှာ ဈေးကောင်းရရှိရေး မျှော်လင့်ကြောင်း ပဲတီစိမ်းစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

တင်စိုးလွင်