တောင်ငူမြို့၌ ၂၀၂၄ ခုနှစ်၊ နိကာယ်ငါးရပ်စာမေးပွဲ အုပ်စု (၁)၊ ပါရာဇိကပါဠိဘာသာရပ် ဆက်လက်ဖြေဆို

တောင်ငူ ဇွန် ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သာသနဟိတကာရီဗိမာန်တော်ကြီး၌ ၂၀၂၄ ခုနှစ်၊ နိကာယ်ငါးရပ်စာမေးပွဲကို ဇွန် ၇ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်က အုပ်စု (၁)၊ ပါရာဇိကပါဠိဘာသာရပ် ဆက်လက်ဖြေဆိုသည်။

အဆိုပါစာမေးပွဲကို ဇွန် ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး နေ့စဥ်မွန်းတည့် (၁၂)နာရီအချိန်မှ ညနေ (၄)နာရီအထိ ဖြေဆိုရမည်ဖြစ်သည်။ ယနေ့ ဇွန် ၁၀ ရက်နေ့တွင် အုပ်စု (၁)၊ ပါရာဇိကပါဠိဘာသာရပ်ဖြေဆိုသူ ရဟန်း (၁၉၄)ပါး၊ သီလရှင် (၂၁)ပါး၊ စုစုပေါင်း (၂၁၅)ပါး ဖြေဆိုခဲ့ကြောင်း တောင်ငူခရိုင်သာသနာရေးဦးစီးဌာနမှ သိရသည်။

ခရိုင် (ပြန်/ဆက်)