သထုံမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

သထုံ ဇွန် ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်က သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သထုံခရိုင်၊ ဦးစီးမှူး ဦးမောင်မောင်မြင့်၏ အနီးကပ်ကြီးကြပ်မှုဖြင့် သထုံမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက် (၁၀) နှစ်ပြည့် နိုင်-၃(က) (၉) ဦး၊ အသက် (၁၈) နှစ်ပြည့် နိုင်-၆(က) (၃၁) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခဲ့ကြပြီး အိမ်‌ထောင်စု (၆) စုတို့အား အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)