ကလေးဝမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

ကလေးဝ ဇွန် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက ပြည်သူ့အားကစားကွင်းကြီးရှိ အားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကား‌ပြောကြား၍ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သော တိုးတက်အောင်အသင်းအား ဆုချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိသော မှိုင်းလုံးအသင်းအား မြို့နယ်မီးသတ်ဦးစီးမှူးကလည်ကောင်း၊ တတိယဆုရရှိသော လျှပ်စစ်အသင်းအား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးမှူးကလည်ကောင်း ဆုများကိုအသီးသီးချီးမြှင့်ခဲ့သည်။

ယင်း မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန်လ ၉ ရက်နေ့က စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်