သာပေါင်းမြို့နယ်တွင် ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

သာပေါင်း ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရှင်ကြီးပျောက် ကျေးရွာအုပ်စု၊ (ရှင်ကြီးပျောက်၊ မအူပင်ဒေါင့်၊ သံကြိုးတိုင်) ကျေးရွာများသို့ သွားရောက်လှည့်လည် အသိပညာပေးနှိုးဆော်ခဲ့ကြသည်။

ထိုသို့ သဘာဝဘေးအန္တရာယ်ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်၍ လက်ကမ်းစာစောင်များဖြန့်ဝေပေးရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခိုင်ခိုင်ဝင်းနှင့်ဝန်ထမ်းတို့က ရေဘေးကြိုတင်ပြင်ဆင်‌ရေးနှင့် မြေပြိုဘေးအန္တရာယ် ကြိုတင်ပြင်ဆင်‌ သတိပြုကာကွယ်နိုင်ရန် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာစေရန်၊ သတိပြု၍ ရှောင်ရှားသင့်သည့် အပြုအမူ အချက်အလက်များအား သိရှိကာကွယ် တုံ့ပြန်နိုင်ရေး အသိပေးနှိုးဆော်ချက်များကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရေး လှည့်လည်အသိပညာပေးဆောင်ရွက်ခဲ့ကြပြီး သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း