မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၄) ဖွင့်လှစ်

ချောင်းဆုံ ဇွန် ၁၃

မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး တောင်သူများအား နည်းပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေသည့် စိုက်ပျိုးရေးဦးစီးဌာန  ဝန်ထမ်းများအား မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၃ ရက်နေ့က ချောင်းဆုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားကာ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက သင်တန်းကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်တင်ရေး သင်တန်းအမှတ်စဉ်(၂/၂၀၂၄)အား  ဆွေးနွေးပို့ချခဲ့ကြသည်။

အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၄)ကို မွန်ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းသင်တန်းသား/ သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းနည်းပြ(၄)ဦးတို့မှ ဇွန်(၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၂)ရက်ကြာ ဆွေးနွေးသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်(ပြန်/ဆက်)