ရေတာရှည် ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးဧကများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက် မြို့နယ်ကွင်းဆင်းစိစစ်ကြပ်မတ်ရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းက သပြေတန်းကျေးရွာရှိ မိုးစပါးစိုက်ဧကများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းဦးဆောင်မှုဖြင့် မြို့နယ်ကွင်းဆင်းစိစစ်ကြပ်မတ်ရေးအဖွဲ့တို့မှ အဆိုပါမိုးစပါးစိုက်ဧကများအား ကြည့်ရှုစစ်ဆေးကာ တောင်သူဦးငွေထွန်းနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးရာတွင် အထွက်ကောင်း မျိုးကောင်းမျိုးသန့်များသုံးစွဲရေး၊ ကြဲပက်စနစ်ဖြင့် လုံးဝ(လုံးဝ) စိုက်ပျိုးခြင်းမရှိစေရေး၊ မျိုးစပါးစိုက်ပျိုးရာတွင် ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးနိုင်ရေး၊ Drum Seeder များဖြင့်သာ စိုက်ပျိုးစေရေးတို့ကို အသိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်