မိုင်းဆတ် ဇွန် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ "ကလေးအလုပ်သမားပပျောက်ရေး" အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းတည့်(၁၂)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်နှင့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကိင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ ဦးစီးအရာရှိ ဦးလင်းထင်ကျော်က ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဝင်းက ကလေးအလုပ်သမားဆိုင်ရာ တားမြစ်ချက်များကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်မောင်