ပုသိမ်ကြီးမြို့နယ်တွင် စမ်းဝတီ သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေမကျေးရွာရှိ ရိုးမမြိုင် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းအား မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ စမ်းဝတီ သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။