မြောက်ဥက္ကလာပ ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက အ.ထ.က(၆)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(၆)ကျောင်းမှ တာဝန်ခံဆရာမ ဒေါ်ခင်စန်းလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်မြမြဝင်းက စာကြည့်တိုက်ဆိုင်ရာအကြောင်းအရာများ၊ စာပေဖတ်ရှုခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းအပြင် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားအသက်အရွယ်နှင့်ပတ်သက်ပြီး ရပိုင်ခွင့်များနှင့် ပြဋ္ဌာန်းထားရှိသည့် ဥပဒေများ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ် ပြန်/ဆက် ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားအသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာစောင်များ ပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)