နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး

နတ်မောက်  ဇွန်  ၁၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့မဈေးအတွင်း လိုက်လံစစ်ဆေးခဲ့ကြသည်။

ထိုသို့ လိုက်လံစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များက ဒေသခံပြည်သူများမှ အသားဆိုင်များတွင် ဝယ်ယူရာ၌ စိတ်ချမ်းသာစွာ ဝယ်ယူနိုင်စေရန်နှင့် သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချစေရန် အမဲသားတစ်ပိဿာ (၁၂၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ(၁၁၇၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာ(၁၆၀၀၀)ကျပ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ အသားဈေးနှုန်းများကိုလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက Hand Speaker ဖြင့် ကြေညာ၍ ရောင်းချပေးခြင်းတို့ကို နေ့စဉ်စောင့်ကြည့်ကြပ်မတ်ခြင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

လှဝင်း