ကွန်ဟိန်း ဇွန် ၁၄
နိုင်ငံတော်၏ လူမူရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းကဏန်းအချက်အလက်များ ရရှိစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်နှင့် ဝန်ထမ်းများသည် ယနေ့နံနက် ၈ နာရီခန့်က ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လက်ကမ်းစာစောင်များဖြန့်ဝေပေးရာတွင် ကွန်ဟိန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကွန်ဟိန်းမြို့မဈေး အတွင်း/အပြင်ရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများထံသို့ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ သန်းခေါင်စာရင်း ထည့်ကောက်ရမည့်သူများ၊ သန်ခေါင်စာရင်း ထည့်မကောက်ရမည့်သူများ၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်တွင် ပြည်သူများက ဖြေကြားရမည့်မေးခွန်းများ စသည်တို့ ပါဝင်သည့် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)