မိုင်းယု ဇွန် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းဆင်းချိန်နှင့် အားလပ်ချိန်တို့၌ စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ စာဖတ်ကြရန်နှင့် ပြိုင်ပွဲကျင်းပခြင်းနှင့်စပ်လျဉ်း၍ စည်းကမ်းချက်များကို ရှင်းလင်းပြောကြား ပြီး စစ်တုရင်ပြိုင်ပွဲကျင်းပရာ မူလတန်းအဆင့် ကျောင်းသား/သူ ခြောက်ဦးဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူတို့က ပြိုင်ပွဲဝင်ကလေးများအား အာဟာရဖြည့်မုန့်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းယု(ပြန်/ဆက်)