ပေါင်းတည်မြို့ အ.ထ.က (သဖန်းကုန်း) ၌ စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကျင်းပ

ပေါင်းတည် ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အခြေခံပညာအထက် တန်းကျောင်း (သဖန်းကုန်း) ၌ ယမန်​နေ့နေ့လယ်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကျင်းပြုလုပ်ခဲ့သည်။

ဦးစွာ သဖန်းကုန်း အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားထားမော်က လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်စေရေး အခမ်းအနားကျင်းပရခြင်းနှင့်စပ်လျဉ်း၍ အကျယ်တဝံ့အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးဆုစံက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုပုံစံများအကြောင်း၊ စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးဦးနိုင်ဝင်းသိန်းက စား​သုံးရန်မသင့်​သော အစားအစားများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ ရုပ်ပုံပါစာအုပ်ဖြင့် ပူးပေါင်းမှုအကျိုးရလာဒ်ကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ပုံဖော်သရုပ်ပြသခြင်း၊မြို့နယ်ပြည်သူ့စာကြည့်တိုက်မှူး ဒေါ်ဝင်းမြသန်းက အသိပညာပေး စက္ကူပြဇာတ်ပြသခြင်း၊ ရွေ့လျားစာကြည့်တိုက်ယာဉ်ပေါ်မှ အသိပညာပေးစာအုပ်များကို ဖတ်ရှုလေ့လာစေခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်လူကုန်ကူးမှု အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခြင်းများဆောင်ရွက်ခဲ့ကြပြီးနောက် ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)