မိုင်းဖြတ် ဇွန် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ဝန်ထမ်းသား၊ သမီးများအား ပညာသင်စရိတ်ထောက်ထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးချမ်းမျိုးနှင့် တာဝန်ရှိသူများက ဝန်ထမ်းသားသမီးများဖြစ်ကြသည့် အခြေခံပညာသင်ယူနေသည့် မူကြိုအဆင့် (၅)ဦး၊ မူလတန်းအဆင့် (၂၂)ဦး၊ အလယ်တန်းအဆင့် (၆)ဦး၊ အထက်တန်းအဆင့် (၅)ဦးနှင့် အဆင့်မြင့်ပညာ (၁)ဦး စုစုပေါင်း (၃၉)ဦးအား အဆင့်အလိုက် သတ်မှတ်နှုန်းထားများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဝန်ထမ်းများအနေဖြင့် မိမိတို့၏ သားသမီးများအတွက် ပညာရေးကို အလေးထားနိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာများကို လေ့လာကြိုးစားသင်ယူခြင်းဖြင့် ထူးချွန်ထက်မြတ်သည့် ဝန်ထမ်းသား၊ းသမီးများ ပေါ်ထွန်းလာစေရေးနှင့်စပ်လျဉ်း၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)