မိုင်းရယ် ဇွန် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီမှစ၍ မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုတ်ကွေး ကြိုတင်ကာကွယ်ရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပူးပေါင်းအဖွဲ့သည် မြို့မဈေးကြီး၊ အမှတ် (၁ ၊ ၂ ၊ ၃) ရပ်ကွက်များရှိ သာသနာရေး အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် လူနေအိမ်များရှိ သုံးရေကန်များတွင် အဘိတ်ဆေးများခတ်ခြင်း၊ သောက်သုံးရေများ သန့်ရှင်းမှုရှိ၊ မရှိစစ်ဆေးခြင်း၊ သန့်ရှင်းမှုမရှိသော ရေကန်များကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ရပ်ကွက်နေပြည်သူများအား မိုးရာသီကာလ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဆွေးနွေးပေးခဲ့သည်။
မိုင်းရယ် (ပြန်/ဆက်)