မိုင်းရှူးမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနှင့်ပတ်သက်ပြီး ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနှင့်ပတ်သက်ပြီး ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်(၆)အချိန်က အမှတ်(၄)ရပ်ကွက်၊ ပြည့်စုံစျေးနှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့သည်။