ဟင်္သာတမြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် အခြေခံပညာမူလတန်း(လွန်)ကျောင်းဆောင်ဖျက်သိမ်းပြောင်းရွှေ့
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲပိုင်းက ဟင်္သာတမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ ငါးဆယ်ကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုအခြေအနေများနှင့် ငါးဆယ်ကျွန်းကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း မြစ်ကမ်းပါးပြိုကျမှုကြောင့် ကျောင်းဆောင်ဖျက်သိမ်းရမှု၊ နေအိမ်နှစ်လုံးပြောင်းရွှေ့ခဲ့မှုတို့ကို သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သောထောက်ပံ့လှူဒါန်းမှုများ ပေးအပ်ခဲ့သည်။