မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅) ရက်နေ့အထိ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပတ်သက်၍ လူထု အသိပညာပေး လှုံဆော်ရေးပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကန်သာယာရပ်ကွက်ရှိ ကန်သာမင်္ဂလာကန်တော်တွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကွဲမှု ဌာနချုပ် မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်း ကော်မတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။