မဟာအောင်မြေမြို့နယ်၌ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

မဟာအောင်မြေ ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ဇွန် (၁၃) ရက်နေ့က  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် မဟာအောင်မြေမြို့နယ် အမှတ် (၁၃) အ.ထ.ကကျောင်း၌ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ကျော်နှင့် ဝန်ထမ်းများမှ အမှတ်(၁၃) အ.ထ.က ကျောင်း၌ ကျောင်းသား/သူ(၁၃၁)ဦးအား ‌ကွင်းဆင်း‌ ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ဇွန် (၁၂) ရက်နေ့ နံနက်ပိုင်းကလည်း အမှတ်(၂၄) အ.ထ.က‌ ကျောင်း၌ ကျောင်းသား /သူ (၇၇) ဦးအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မဟာအောင်မြေမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် မဟာ‌အောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ မရှိသေးသော ပြည်သူများကို ပန်းခင်းစီမံချက် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း