မိုင်းယန်း ဇွန် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အထအကောင်းများရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၉ နာရီက မိုင်းလွေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ငယ်ရွယ်စဉ်ပညာကိုကြိုးစားသင်ယူကြရန်နှင့် အားလပ်ချိန်များတွင်စာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှုခြင်းဖြင့် ဗဟုသုတများရရှိစေနိုင်ပြီး စာဖတ်ခြင်းကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ဥပမာ၊ သာဓကများဖြင့် အကျယ်တဝင့်အသိပညာပေး ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအားပြသရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး