မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ၂၀၂၄ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနား စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနား စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ စေတနာ သွေးသန့်/ သွေးလှူရှင်များ တက်ရောက်ခဲ့သည်။

ကျိုက်ထိုမြို့လူထုအ‌ခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင် ပြပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇွန် (၁၄) ရက် နံနက် ၉ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းစံမြို့၌ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့်စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းခြင်းကိုပုံမှန်ဆောင်ရွက်လျက်ရှိရာယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။

ဒိုက်ဦးမြို့နယ်၌ တောင်သူများအားမိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ‌ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများသို့ထုတ်ချေးခဲ့သည့် ၂၀၂၄ ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၂၀) ရက်နေ့မှစတင်၍ ဒိုက်ဦးမြို့နယ် ကန်တော်မင်္ဂလာပုပ္ပါးကျောင်းတိုက်ဓမ္မရုံတော်ကြီးတွင် ထုတ်ချေးပေးလျက်ရှိ‌ကြောင်းသိရသည်။

ဘိုကလေးမြို့နယ်တွင် လူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများဆောင်ရွက်

လူငယ်များ ဘက်စုံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး၊ စာပေအသိပညာ မြင့်မားတိုးတက်စေရေးတို့ကို ရည်ရွယ်ကာ ယနေ့နံနက်(၁၁)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဘိုကလေးမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ အ.လ.က (ခွဲ) ကျောင်းသို့ ကွင်းဆင်းကာ လူငယ် အသိပညာပေးဟောပြောပွဲနှင့် လူငယ်ကဏ္ဍမြင့်မားရေးဆိုင်ရာပြပွဲများ ပြသဆောင်ရွက်သည်။

မအူပင်မြို့၌ အသက် (၂၅) နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာရှိ AM ဖူဆယ်ဘောလုံးအားကစားကွင်းတွင် ယနေ့မွန်းလွဲ (၂) နာရီက အသက် (၂၅) နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်သည်။

ဝမ်းတွင်းမြို့နယ်၌ ပန်းခင်းစီမံချက် (၃) ဖြင့်    အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေး ခြင်းကို ယမန်နေ့က ဒိုင်းကောင်းကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ဟုမ္မလင်း၌ ၂၀၂၄ ခုနှစ်အတွက် အိမ်ထောင်စုလူဦးရေ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေး ပိုစတာထိုက်ထူ

ပြည်ထောင်စုသမ္မတမြန်မာနိုင်တော်ဗဟို သန်းခေါင်စာရင်းကော်မရှင်၏ လမ်းညွှန်မှုဖြင့် အိမ်ထောင်စုလူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးအသိပညာပေး ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက်(၉)နာရီက လူစည်ကားရာနေရာဖြစ်သော ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းနှင့်ဇီဝကလမ်းထောင့်၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့လမ်းဆုံနေရာတို့တွင် ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပုံပါကျင်မြို့၌ (၃၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၌ (၃၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ နှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာ မူလတန်းလွန်ကျောင်း (နယ်ခြား) တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေးစိုက်ထူပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ ဆောင်ပုဒ်နှင့်အညီ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊  အာဇာနည်လမ်း၊ မြို့တော်ခန်းမအနီး၊ မြင်းစီးကြေးရုပ်အရှေ့တွင် ကျင်းပခဲ့သည်။
Subscribe to